ငြိမ်းချမ်းစင်

ငြိမ်းချမ်းစင်

Wednesday, March 30, 2016

ကိုယ်စိတ်ကြိုက် သူ့၌အပြစ်မြင်

လူတို့သည် လာရာလမ်းချင်းမတူသဖြင့် ဆုံရာလည်းမတူ သို့ကြောင့် အမြင်ချင်းလည်းမတူ
အကျင့်ခံအသန်ချင်းမတူသဖြင့် စရိုက်ချင်းလည်းမတူ သို့ကြောင့် အမြင်ချင်းလည်းမတူ
အစဉ်ပါဥာဉ်ဝါသနာချင်းမတူသဖြင့် အသိဝင်ချင်းလည်းမတူ သို့ကြောင့် အမြင်မတူ
                           ထိုအမြင်မတူ ဤအမြင်မတူ လူသားများ
ကိုယ့်စိတ်ကြိုက်အတိုင်း သူ့၌ သွားရောက်ဆက်ဆံမိချေသော် သူခံနိုင်လိမ့်မည်မဟုတ်ရကား
                   မကျေနပ်ကြွေးတင် ရန်ပွဲလည်းပြင်ဆင်ရမည်သာ
  စရိုက်ဟောင်းပြောင်းပြီးသား အရိယာကြီးများသော်မှ ဥာဉ်ဝါသနာ အလိုက်ရှိသေးရာ
                           သာမန်လူသားများကား ဆိုဖွယ်ရာမရှိပြီ။

No comments:

Post a Comment

အှ်ဆံင့်လာ•ဆာ်